Quantcast
Channel: Pyae Phyo (MMiTD)
Viewing all articles
Browse latest Browse all 7818

♪ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို မြင်ရဖို့ နီးလာပြီ ♫

$
0
0

Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ Galaxy X စမတ်ဖုန်းကို မြင်ရဖို့ နီးလာပြီ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းများဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ များစွာထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Samsung က အဲဒီ စမတ်ဖုန်းကို Korean National Radio Research Agency (NRRA) မှာ မှတ်ပုံတင်လိုက်တယ်လို့ LetsGoDigital က ပြောပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်ကတော့ SM-G888 ဖြစ်ပါတယ်။ 

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ Samsung Galaxy X ဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုး အသုံးပြုနိုင်မယ့် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လက်ရှိမှာ မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်းမှာ Samsung ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Exynos 9810 Processor ထည့်သွင်းထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အဲဒီ Processor ကို FinFET 10nm Architecture ကို အခြေခံ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Samsung က Galaxy X ကို ယခုနှစ် နှောင်းပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းများထွက်ပေါ်နေပေမယ့် ယခုအချိန်အထိ မြင်တွေ့ရခြင်း မရှိသေးပါဘူး။ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Samsung က စားသုံးသူများရဲ့ တုန့်ပြန်မှုကိုလည်း အာရုံစိုက်မှာ ဖြစ်ပြီး အောင်မြင်ရင်တော့ အနာဂတ်မှာ Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများစွာကို မြင်တွေ့လာရနိုင်ပါတယ်။ Samsung က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို Project Valley စီမံကိန်းကနေ ဖန်တီးနေတာ ဖြစ်ပါတယ်။



Viewing all articles
Browse latest Browse all 7818

Trending Articles


အမှုအမြန်ပြီးပြတ်စေရေး ဖမ်းဆီးခံ ကျောင်းသားနှစ်ဦး တောင်းဆို


လုလုအောင် HD အသစ်


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


သူငယ်ချင်းဇူးဇူးလေး(ဖြူဖြူမှတဆင့်)အတွက်


ရုရှားနိုင်ငံထဲက ကမ္ဘာကျော် မြန်မာ့ပုံရိပ်တစ်ခု


အောင်ပြည့်စုံ ထမင်းဆိုင် ပိုင်ရှင်ကြီး


■နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက် ထုတ်ပြန်■


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


မြို့ ဝန် ဘိုင်ဆိပ် အကြောင်း


အကယ်ဒမီရုပ်တုက ကြယ်ကို ရွှေတိဂုံ ဘုရားကို လှူဒါန်းဖို့ စီစဉ်ထား တဲ့ ချောရတနာ


မောင်သန်းဆွေ (ထားဝယ်) - စာရေးဆရာပြဇာတ်နှင့် ဒေါ်ခင်မျိုးချစ်တို့မောင်နှံ


စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင်လူသတ်မှုမှာ သေဆုံးခဲ့ရသူတွေရဲ့ ၀ိဥာဏ်တွေ...


“တရုတ် –မြန်မာ ဆက်ဆံရေး ရာဇဝင်”


ချစ်သွားပြီ ခုတော့ချစ်သွားပြီ


ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး


၁၉၈၉ - ခု ၀လူမျိုးစုလက်နက်ကိုင်တပ်များ ဗမာပြည်ကွန်မြူနစ်ပါတီကို...


တာချီလိတ် - ၀မ်ပုံသွား လမ်းပေါ် မြန်မာဧရာမွန် ဂိတ်တွင် ပေါက်ကွဲမှုဖြစ်


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး


မန်းမြန်မာ ဈေးချို ပလာဇာ တွင် စိတ်ကြွ ဆေးပြား ကျပ် သိန်း ၃၀၀ဝ ကျော်ဖိုး ဖမ်းမိ